အိမ်ဝယ်တဲ့အခါ မိမိတို့သားသမီး "ပညာရေး" အတွက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။
အိမ်တစ်လုံးကို ရွေးချယ်တဲ့အခါ လူအများစုက Location၊ Budget နဲ့ Design ကို အရင်စဉ်းစားတတ်ကြပါတယ်။ ဒါပေမယ့် မိသားစုဘဝရဲ့ ရေရှည်အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက်တစ်ခုကတော့ ပညာရေးပတ်ဝန်းကျင် ဖြစ်ပါတယ်။
Chiang Mai ဟာ သဘာဝအလှတရားနဲ့ အေးချမ်းတဲ့လူနေမှုပတ်ဝန်းကျင်ကြောင့် နာမည်ကြီးသလို ပညာရေးအရလည်း နိုင်ငံတကာမိသားစုတွေ စိတ်ဝင်စားတဲ့ မြို့တစ်မြို့ ဖြစ်လာနေပါတယ်။
International Schools Database ရဲ့ အချက်အလက်တွေအရ Chiang Mai မှာ International School (20) နီးပါး ရှိပြီး British၊ American၊ IB (International Baccalaureate)၊ Singapore၊ Montessori နဲ့ French Curriculum အပါအဝင် သင်ရိုးညွှန်းတမ်းမျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ ကျောင်းအများစုက အသက် 2 နှစ်ဝန်းကျင်ကနေ Grade 12 အထိ သင်ကြားပေးပြီး၊ နှစ်စဉ်ကျောင်းလခကလည်း ကျောင်းနဲ့ Curriculum ပေါ်မူတည်ပြီး အကြမ်းဖျင်း 190,000 Baht ကနေ 800,000 Baht ကျော်အထိ ကွာခြားနိုင်ပါတယ်။
ဒီလို ရွေးချယ်စရာများတဲ့ ပညာရေးပတ်ဝန်းကျင်ဟာ မိဘတွေအတွက် ကိုယ့်သားသမီးရဲ့ စွမ်းရည်၊ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ ကျောင်းကို ရွေးချယ်နိုင်စေသလို ကလေးတွေအတွက်လည်း အင်္ဂလိပ်ဘာသာစကား၊ နိုင်ငံတကာအမြင်နဲ့ ကမ္ဘာ့အဆင့်ပညာရေးကို ရရှိနိုင်တဲ့ အခွင့်အရေးကို ဖန်တီးပေးပါတယ်။
ဒါကြောင့် Chiang Mai မှာ အိမ်ဝယ်ဖို့ စဉ်းစားတဲ့အခါ "အိမ်က ဘယ်လောက်လှသလဲ" ဆိုတာတင်မကဘဲ "အနီးအနားမှာ ဘယ်လို International School တွေ ရှိသလဲ" ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အိမ်ခြံမြေဘက်က ကြည့်မယ်ဆိုရင်လည်း ပညာရေးကောင်းတဲ့ ဧရိယာတွေဟာ ဝယ်လိုအား တည်ငြိမ်လေ့ရှိပြီး ရေရှည်မှာ အိမ်ခြံမြေတန်ဖိုးကို အထောက်အကူပြုနိုင်တဲ့ အချက်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဒါကြောင့် အိမ်တစ်လုံးဝယ်တာဟာ နေစရာတစ်ခုကို ရွေးချယ်တာသာမက မိသားစုရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။
Marlar Properties အနေနဲ့တော့ အိမ်တစ်လုံးရဲ့ တန်ဖိုးကို အဆောက်အအုံတစ်ခုအဖြစ်သာ မမြင်ဘဲ မိသားစုရဲ့ လူနေမှုအရည်အသွေး၊ သားသမီးတွေရဲ့ ပညာရေးနဲ့ ရေရှည်အနာဂတ်ကို အထောက်အပံ့ဖြစ်စေမယ့် ရွေးချယ်မှုတစ်ခုအဖြစ် ယုံကြည်ပါတယ်။
🏡 အိမ်ကောင်းတစ်လုံးဆိုတာ ဒီနေ့နေဖို့အတွက်သာ မဟုတ်ပါဘူး။ မနက်ဖြန်ရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ချင်းမိုင်တွင် ပညာရေး အခွင့်အလမ်းများ လေ့လာလိုပါသလား။ အေးဂျင့်တစ်ဦးထံမှ အသေးစိတ်ရယူပြီး သင့်မေးခွန်းများ မေးမြန်းနိုင်ပါသည်။
ဆုံးဖြတ်ရန် အဆင်သင့်မဖြစ်သေးဘူးလား။ သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ပရိုမိုးရှင်း သို့မဟုတ် အထူးကမ်းလှမ်းချက် ပေါ်လာသည့်အခါ သီးသန့်အနေဖြင့် အကြောင်းကြားပါမည်။
လက်ရှိ ဈေးကွက်ရှိ စီမံကိန်းအားလုံးကို ပြသပြီးပါပြီ။ အထူးကမ်းလှမ်းချက်များနှင့် ဈေးနှုန်းလျှော့ချမှုများအကြောင်း သီးသန့်အနေဖြင့် အကြောင်းကြားပေးစေချင်ပါသလား။