
City Park
Doi Saket, San Pu Loei · Ornsirin Group
စတင်ဈေး
฿3,197,292
Marlar
Marlar Properties · ချင်းမိုင်
သိလိုသည်များကို messenger တွင်မေးမြန်းနိုင်ပါသည်။ ပြန်လည်ဖြေကြားပေးရန် Marlar team က အဆင်သင့်ရှိနေပါတယ်
Messenger မှာ စာပို့ရန်Ornsirin City Park
သဘာဝအလှတရားနဲ့ ခေတ်မီလူနေမှုဘဝတို့ ပေါင်းစည်းရာ
ချင်းမိုင်မြို့ရဲ့ အကြီးမားဆုံး Master-Planned Residential Community များထဲမှ တစ်ခုဖြစ်တဲ့ Ornsirin City Park မှာ သဘာဝအလှတရား၊ ခေတ်မီလူနေမှုဘဝနဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ အဆင်ပြေမှုအားလုံးကို တစ်နေရာတည်းမှာ ခံစားနိုင်ပါပြီ။
စတုရန်းမီတာ ၁.၂၈ သန်းခန့် ကျယ်ဝန်းတဲ့ ဒီမြို့ပြအိမ်ရာစီမံကိန်းကြီးဟာ Habitat နဲ့ Belive အပါအဝင် လူနေအိမ်ရာစီမံကိန်းများစွာကို ပေါင်းစပ်တည်ဆောက်ထားတဲ့ နေထိုင်မှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ပါတယ်။
Community ရဲ့ အလယ်ဗဟိုမှာ တည်ရှိတဲ့ စတုရန်းမီတာ ၅၀,၀၀၀ ကျယ်ဝန်းတဲ့ သဘာဝရေကန်ကြီးနဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်က နေ့စဉ်ဘဝကို ပိုမိုအေးချမ်းလှပစေပါတယ်။ မိသားစုနဲ့အတူ အပန်းဖြေအနားယူဖို့၊ ရေကန်ဘေး လမ်းလျှောက်ဖို့နဲ့ သဘာဝအလှကို ခံစားဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။
ထို့အပြင် စတုရန်းမီတာ ၄၀,၀၀၀ ကျော်ရှိတဲ့ စီးပွားရေးနဲ့ လူနေမှုပုံစံဆိုင်ရာ နေရာများ၊ ကော်ဖီဆိုင်များ၊ ဈေးဝယ်စရာနေရာများ၊ အပန်းဖြေစရာနဲ့ မိသားစုအတွက် အဆင်ပြေစေမယ့် Facilities များကိုလည်း တစ်နေရာတည်းမှာ ပြည့်စုံစွာ ဖော်ဆောင်ထားပါတယ်။
မိသားစုဘဝရဲ့ အဆင့်တိုင်းနဲ့ လိုက်ဖက်ညီတဲ့ ခေတ်မီအိမ်ဒီဇိုင်းများကို ယုံကြည်စိတ်ချရတဲ့ Ornsirin Group မှ တည်ဆောက်ထားပြီး ချင်းမိုင်မြို့တွင်းနဲ့ အဓိကသွားလာရေးလမ်းကြောင်းများသို့လည်း အဆင်ပြေစွာ သွားလာနိုင်ပါတယ်။
ကျောင်းများ၊ ဆေးရုံများ၊ Shopping Center များနဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများအနီးမှာ တည်ရှိတာကြောင့် မိသားစုတိုင်းအတွက် သက်သောင့်သက်သာနဲ့ အဆင်ပြေတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
Ornsirin City Park ဟာ အိမ်ရာတစ်ခုတည်း မဟုတ်ပါဘူး။ သဘာဝနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်၊ ကျယ်ဝန်းတဲ့ စိမ်းလန်းဧရိယာများ၊ မိသားစုနဲ့ အပန်းဖြေစရာနေရာများ၊ ကော်ဖီဆိုင်နဲ့ ဈေးဝယ်စရာများ အားလုံးကို ပေါင်းစပ်ထားတဲ့ လူနေမှုဘဝပုံစံတစ်ခု ဖြစ်ပါတယ်။
နေ့စဉ်ဘဝရဲ့ အလုပ်များမှုတွေကြားမှာ အေးချမ်းမှုကို ရှာဖွေနေသူတွေအတွက်လည်းကောင်း၊ မိသားစုနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးချင်သူတွေအတွက်လည်းကောင်း သဘာဝအလှနဲ့ မြို့ပြအဆင်ပြေမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနိုင်မယ့် နေရာလေးတစ်ခုပါ။
Ornsirin City Park — သင့်မိသားစုရဲ့ အနာဂတ်ကို လှပစွာ ပုံဖော်နိုင်မယ့် အိမ်၊ ဘဝနဲ့ အသိုင်းအဝိုင်း။ 🏡💚
Community ထဲမှာ
ဆိုပြီး Onsirin ရဲ့ Great အစုံကို တဝင်းထဲမှာ ဝယ်ယူရရှိနိုင်မှာ,ဖြစ်ပါတယ်။
သင် ရှာနေသည့်အရာကို ပြောပြပါ — ကိုက်ညီသည့် ပရောဂျက် သို့မဟုတ် အထူးကမ်းလှမ်းချက် ပေါ်လာသည့်အခါ သီးသန့် စာပို့ပေးပါမည်။

အိပ်ခန်း
အိပ်ခန်း 2
ရေချိုးခန်း
ရေချိုးခန်း 2
ဧရိယာ
135 စတုရန်းမီတာ
ထပ်
2
City Park အတွက် လက်ရှိ ဈေးနှုန်းစာရင်းနှင့် ရရှိနိုင်မှုကို ရယူပါ — developer ဆီက တိုက်ရိုက် ရယူပြီး ကိုယ်တိုင် ပို့ပေးပါမည်။
🏫 ကျောင်းများ
🏥 ဆေးရုံများ
🛒 စူပါမားကက်များ
🏬 ဈေးဝယ်စင်တာများ
⛪ ဘုရားကျောင်းများ
☪ ဗလီများ
🍛 ဟာလာလ် အစားအစာများ
🌳 ပန်းခြံများ
🍽️ စားသောက်ဆိုင်များ
အပြီးအပိုင် ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ရေရှည်ငှားရမ်းစာချုပ် (များသောအားဖြင့် ၃၀ နှစ်၊ သက်တမ်းတိုးနိုင်) ဖြင့် ပိုင်ဆိုင်ခြင်းဖြစ်သည်။
ယူနစ်စုစုပေါင်း
4
ထပ်အရေအတွက်
2
မြေဧရိယာ
25 စတုရန်းမီတာ
ပြီးစီးမည့်ရက်
Sep 2026
ဈေးနှုန်း၊ ရရှိနိုင်မှု၊ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် စတာတွေအကြောင်း မာလာကို မေးနိုင်ပါတယ် — ဒါမှမဟုတ် developer နဲ့ တိုက်ရိုက် အတည်ပြုပေးဖို့ တောင်းဆိုနိုင်ပါတယ်။ အကောင့် ဖွင့်စရာ မလိုပါ။